၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း မိဘပြည်သူညီကိုမောင်နှမများအားလုံး စီးပွားရေး၊ လူမှု့ရေး၊ ပညာရေး၊ ကျန်းမာရေး အစစအရာရာခက်ခဲလာခဲ့ပါတယ်။ ဒါကြောင့်ကျွန်တော်တတ်ထားတဲ့ပညာလေးနဲ့ တတ်နိင်သလောက်ကူညီပေးချင်လို့ LaughAndDonate ဆိုတဲ့ အစီအစဉ်လေးကိုစတင်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ရယ်မောပျော်ရွှင်စရာဟာသလေးတွေကြည့်ပီး ဖုန်းဘေလေးတွေကို လှူဒါန်းပေးဖို့ဖြစ်ပါတယ်။ App နဲ့ Youtube မှာတက်နေတဲ့ကြော်ငြာလေးတွေကနေ ရတဲ့ပိုက်ဆံလေးတွေနဲ့ သူငယ်ချင်းတိုကို ဖုန်းဘေလေးတွေမဲဖောက်ပေးနေတာဖြစ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းအားလုံးကို လှူဒါန်းဖို့မလုံလောက်တဲ့အတွက် မဲဖောက်လှူဒါန်းပေးရတာဖြစ်ပါတယ်။ အလှူငွေများများရဖို့အတွက် မိတ်ဆွေသူငယ်ချင်းတို့အနေနဲ့ ဟာသမြို့တော် Youtube ချန်နယ်က video လေးတွေကိုများများကြည့်ပေးပီး LaughAndDonate application လေးကိုတစ်ရက် နှစ်ကြိမ်လောက် ဝင်ကြည့်ပေးကြဖို့တောင်းဆိုပါတယ်။ Youtube ကြည့်ရှု့သူ နှင့် Application အသုံးပြုသူတွေများလာတဲ့အခါကြရင် ဖုန်းဘေအစား တန်ဖိုးကြီးပစ္စည်းများကို မဲဖောက်လှူဒါန်းပေးသွားမှာဖြစ်ပါတယ်ခင်ဗျ။
No comments:
Post a Comment